Friday, February 6, 2015

စွန့်ပစ်ကော်ဖီအိတ်ခွံ တစ်သိန်းခုနှစ်သောင်းကျော် ဖြင့် လက်မှုအနုပညာမြောက် ပြပွဲ ဖေဖော်ဝါရီ ၂၇၊၂၈ ရက် ရန်ကုန်မြို့တွင် ပြသမည်



ပြပွဲ အတွက် ပြင်ဆင်မှုများ လုပ်နေစဉ်


     သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေး၊စိမ်းလန်းရေးစိုပြေရေးလူအများပိုမိုသတိထားမိစေရန်ရည်ရွယ်ပြီး

အမှိုက် ဖြစ်သွားတဲ့ကော်ဖီမစ်အိတ်ခွံများကိုလူအသုံးအဆောင်ပစ္စည်းများဖြင့်လက်မှုအနုပညာကိုအခြေခံပြီး
 ပြန်လည်အသက်သွင်းကာအနုပညာမြောက်ပြပွဲတစ်ခု ဖေဖော်ဝါရီ၂၇၊၂၈ရက်ရန်ကုန်မြို့ န၀ဒေးလမ်း       THINK Gallery မှာ ပြသသွားမည်ဖြစ်ကြောင်းမင်းကွန်း ကျေးရွာနေ ကော်ဖီမစ်အိတ်ခွံများဖြင့်လက်မှု
ပစ္စည်းများဖန်တီးသူမယဉ်ယဉ်ထွန်း(မင်းဧကရီ)ကမန္တလေးနေ့စဉ်သို့ ပြောသည်။ 


 “သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေး၊စိမ်းလန်းရေးကိုပိုမိုသတိထားမိစေရန်လက်မှုပညာကိုအခြေခံပြီးစွန့်ပစ်
ပစ္စည်တွေကလူတွေစွန့်ပစ်လိုက်တော့အမှိုက်တွေဖြစ်သွားပြီလေ။ဒါကအသက်မရှိတော့ဘူးသေသွားတာပဲ။
ဒီသေသွားတဲ့အမှိုက်တွေကိုအနုပညာမြောက်လက်မှုပစ္စည်းအဖြစ်ပြန်အသက်သွင်းတာပါ။အနုပညာခံစားမှုပြကွက်တစ်မျိုးပေါ့၊ ပြပွဲကိုတော့ ဒီလကုန်ပိုင်း လောက်ပြသသွားမှာပါ။ ” ဟု မယဉ်ယဉ်ထွန်း က ဆိုသည်။ 


  စွန့်ပစ် ကော်ဖီအိတ်ခွံပေါင်း တစ်သိန်းခုနှစ်သောင်းကျော် ကို လက်မှုပစ္စည်း မျိုးစုံ ကို ဖန်းတီးပြီး အနုပညာမြောက် ပြပွဲတစ်ခုပြသသွားမှာ ဖြစ်ပြီး ဒီဇိုင်းစုံ ကော်ဖီမစ်အိတ်ခွံ ဖျာ ၁၅ ချပ်၊ စလင်းဘက်အိတ်၊ တစ်ရှုးဗူးများ၊စာပွဲတင်ပန်းအိုးမျိုးစုံ၊ပန်းချီ၊ဓါတ်ပုံကားများ၊ ဘောင်ဒီဇိုင်းများ၊ရေဗူးအိတ်၊ဖုန်းအိတ်၊ဦးထုတ်၊လိုက်ကာခန်းဆီများ၊သော့ချိတ်များ၊ကော်ဖီအိတ်ခွံကိုသုံးပြီမော်ဒယ်လ်ပန်းချီကားများကိုပြု လုပ်ပြီးပြသသွားမည်။ပန်းချီကားတွေကို တော့ မြန်မာနိုင်ငံမြေပုံ၊လွတ်လပ်ရေးကျောက်တိုင်၊မင်းကွန်းပုထိုးတော် 
ကြီး၊မင်းကွန်းခေါင်းလောင်းကြီးပုံ  များလည် ပါဝင်မည်။ 


မြန်မာနိုင်ငံမြေပုံ
မင်းကွန်းခေါင်းလောင်းပုံ

ပုထိုးတော်ကြီးပုံ
လွတ်လပ်ရေးကျောက်တိုင်ပုံ 

















  



အနုပညာမြောက် ဒီဇိုင်းစုံ ဖျာများကို စူပါအိတ်ခွံများနှင့်သာ ပြုလုပ်ထားပြီး တစ်ချပ်ကို စွန့်ပစ်ကော်ဖီမစ် အိတ်ခွံ(၁၁၄၀၀)လုံးဖြင့်ဒီဇိုင်းမျိုးစုံ၃ပေ×၆ပေအရွယ်ဖျာ(၁၅)ချပ် နှင့်အခြားလက်မှုပစ္စည်းများကို ပြုလုပ်ဖန်းတီ
ရာ စူပါကော်ဖီအိတ်ခွံက အများဆုံးပါဝင်ပြီး အခြားU2၊ ပရီးမီယာ၊၀မ်းတီ အိတ်ခွံ အိတ်ခွံများလည်းပါဝင် ဖန်းတီထားကြောင်းသိရသည်။ 
   ရွှေမန်း

ချမ်းမြရွှေပြည်ခရီးသည်တင်အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းခရီးသည်များစိတ်မနှောင့်အယှက်မရှိစေရေး နှင့်စနစ်ကျခရီးသည် ၀န်ဆောင်ပေးရန်ဧည့်ကြိုယာဉ်မောင်းများကိုစနစ်တကျမှတ်ပုံတင်ထားရှိ


တူညီဝတ်စုံများ ၀တ်ဆင် ၀န်ဆောင်မှုပေးနေသော ကားသမားများ


ချမ်းမြရွှေပြည်ခရီးသည်တင်အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းခရီးသည်များစိတ်မနှောင့်အယှက်မရှိစေရေး
 နှင့်စနစ်ကျခရီးသည်ဝန်ဆောင်ပေးရန်ဧည့်ကြိုယာဉ်မောင်းများကိုဖေဖော်ဝါရီ  ၁ ရက်နေ့မှစတင်ကာ
 စနစ်တကျမှတ်ပုံတင်ဆောင်ရွက်ထားရှိ ကြောင်းကားကွင်းအုပ်ချူပ်ရေးမှူးဦးမျိးအောင်ကပြောသည်။


အဆိုပါကားကွင်းသို့ဧည့်သည်အ၀င်အထွက်ထက် တက္ကစီအရေအတွက်ကပိုမိုများပြားနေတာကြောင့်စနစ်တကျ
ရှိစေရေးပထမအဆင့်အဖြစိ ခရီးသည်ကြိုဆိုရန်နေရာသက်မှတ်ပေးထားပြီးယခုဧည့်ကြိုယာဉ်မောင်းများကို အိမ်ထောင်စုဇယား၊ မှတ်ပုံတင်၊ နေရပ်လိမ်စာ ၊ဓါတ်ပုံ ၊ဖုန်းနံပတ်၊များကို မှတ်တမ်းတင်ထားရှိပြီး စနစ်တကျဝန်ဆောင်မှုပေးရန်အမှတ်စဉ်နံပါတ်ရိုက်နှိပ်ထားသောတူညီဝတ်စုံများကိုဝတ်ဆင်ဝန်ဆောင်မှု ပေး လျက်ရှိကြောင်းသိရသည်။ 


“ဒီကားကွင်းမှာ ခရီးသည်များ စိတ်အနှောင့်မယှက်မရှိအောင်၊ လုံခြုံမှုရှိအောင် လူနဲ့ ၀တ်စုံကို တွဲပြီး 
စနစ်တကျ မှတ်ပုံထားရှိထားပါတယ်။ခရီးသည်များ အကြောင်းတစ်စုံတရာပေါ် လာရင်လူနဲ့ နံပါတ်ကို မှတ်သားပြီး တိုင်ကြားနိုင်မယ်။ လုံခြုံရေးလဲစိတ်ချရသလို၊ခရီးသည်များကို အလုအယက်ခေါ်ဆိုမှုမရှိတော့ ခရီးသည်များ စိတ်ချမ်းသာလာပါမယ်  ”ဟုဦးမျိးအောင်က ပြောသည်။ 


ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် တရားဝင် အသင်းအဖွဲ့ အစည်းအဖြစ် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ၊ယာဉ်မောင်းများ အချင်းချင်း ညှိနှိုင်ဖွဲ့စည်းပြီး ဆောင်ရွက်ခြင်းဖြစ်သည်။ကားကွင်းအတွင်းခရီးသည်များကို ဧည့်ကြိုယာဉ်ငယ်အသင်းလေးသင်းယာဉ်မောင်း၁၂၀ကျော်ရှိပြီးအသင်းအလိုက်တူညီဝတ်စုံများဝတ်ဆင်ဝန် ဆောင်မှု ပေးနေပြီးဆိုင်ကယ်ဧည့်ကြိုများကိုလည်း မကြာမီဆောင်ရွက်ပေးသွားမည်ကြောင်းသိရသည်။
 ရွှေမန်း

Thursday, February 5, 2015

နှစ်ဘက်ညှိနှိုင်းမှုများ အဆင်မပြေမှ အမှုဖွင့်မည်ဟု မန်းယာဉ်မှုစစ်ပြော


မန္တလေး ၊ ဖေဖော်ဝါရီ ၅
ယနေ့ မွန်းလွဲ ၁နာရီခွဲ ခန့်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်
၆၅လမ်းနှင့် သဇင်လမ်းထောင့် တွင်
 ၆၅လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာသော အမှတ်(၄)
လိုင်းကားနှင့်  သဇင်လမ်းအတိုင်း အနောက်မှ
အရှေ့သို့မောင်းနှင်လာသောစူပါကာ

စတန် တစ်စီး တို့
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ စူပါကာစတန် မှာ မြေပြင်တွင် လဲကျ
တိမ်းမှောက်ခဲ့သည်။
၆၅ လမ်းနှင့် သဇင်လမ်း တွင် တိမ်းမှောက်သွားစဉ်

၆၅ လမ်းနှင့် သဇင်လမ်း တွင် တိမ်းမှောက်သွားစဉ်

ယာဉ်မတော်တဆ မှုဖြစ်စဉ်ကြောင့် လူထိခိုက်မှု များ မရှိခဲ့ကြောင်း နှင့်
တာဝန်ရှိသူများက ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
 ရွှေမန်း