![]() |
တူညီဝတ်စုံများ ၀တ်ဆင် ၀န်ဆောင်မှုပေးနေသော ကားသမားများ |
ချမ်းမြရွှေပြည်ခရီးသည်တင်အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်းခရီးသည်များစိတ်မနှောင့်အယှက်မရှိစေရေး
နှင့်စနစ်ကျခရီးသည်ဝန်ဆောင်ပေးရန်ဧည့်ကြိုယာဉ်မောင်းများကိုဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာ
စနစ်တကျမှတ်ပုံတင်ဆောင်ရွက်ထားရှိ ကြောင်းကားကွင်းအုပ်ချူပ်ရေးမှူးဦးမျိးအောင်ကပြောသည်။
စနစ်တကျမှတ်ပုံတင်ဆောင်ရွက်ထားရှိ ကြောင်းကားကွင်းအုပ်ချူပ်ရေးမှူးဦးမျိးအောင်ကပြောသည်။
အဆိုပါကားကွင်းသို့ဧည့်သည်အ၀င်အထွက်ထက် တက္ကစီအရေအတွက်ကပိုမိုများပြားနေတာကြောင့်စနစ်တကျ
ရှိစေရေးပထမအဆင့်အဖြစိ
ခရီးသည်ကြိုဆိုရန်နေရာသက်မှတ်ပေးထားပြီးယခုဧည့်ကြိုယာဉ်မောင်းများကို အိမ်ထောင်စုဇယား၊
မှတ်ပုံတင်၊ နေရပ်လိမ်စာ ၊ဓါတ်ပုံ ၊ဖုန်းနံပတ်၊များကို မှတ်တမ်းတင်ထားရှိပြီး စနစ်တကျဝန်ဆောင်မှုပေးရန်အမှတ်စဉ်နံပါတ်ရိုက်နှိပ်ထားသောတူညီဝတ်စုံများကိုဝတ်ဆင်ဝန်ဆောင်မှု ပေး လျက်ရှိကြောင်းသိရသည်။
“ဒီကားကွင်းမှာ
ခရီးသည်များ စိတ်အနှောင့်မယှက်မရှိအောင်၊ လုံခြုံမှုရှိအောင် လူနဲ့ ၀တ်စုံကို တွဲပြီး
စနစ်တကျ မှတ်ပုံထားရှိထားပါတယ်။ခရီးသည်များ အကြောင်းတစ်စုံတရာပေါ် လာရင်လူနဲ့ နံပါတ်ကို
မှတ်သားပြီး တိုင်ကြားနိုင်မယ်။ လုံခြုံရေးလဲစိတ်ချရသလို၊ခရီးသည်များကို အလုအယက်ခေါ်ဆိုမှုမရှိတော့
ခရီးသည်များ စိတ်ချမ်းသာလာပါမယ် ”ဟုဦးမျိးအောင်က
ပြောသည်။
ယခုကဲ့သို့
ဆောင်ရွက်ပေးခြင်းသည် တရားဝင် အသင်းအဖွဲ့ အစည်းအဖြစ် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ ၊ယာဉ်မောင်းများ
အချင်းချင်း ညှိနှိုင်ဖွဲ့စည်းပြီး ဆောင်ရွက်ခြင်းဖြစ်သည်။ကားကွင်းအတွင်းခရီးသည်များကို
ဧည့်ကြိုယာဉ်ငယ်အသင်းလေးသင်းယာဉ်မောင်း၁၂၀ကျော်ရှိပြီးအသင်းအလိုက်တူညီဝတ်စုံများဝတ်ဆင်ဝန်
ဆောင်မှု ပေးနေပြီးဆိုင်ကယ်ဧည့်ကြိုများကိုလည်း မကြာမီဆောင်ရွက်ပေးသွားမည်ကြောင်းသိရသည်။
ရွှေမန်း
No comments:
Post a Comment