Sunday, January 25, 2015

ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားလူမျိုးစုများ ဈေးရောင်းပွဲတော်ကျင်းပမည်

ဈေးရောင်းပွဲတော် ဥက္ကဌ ဦးစိုင်းပန်ဆိုင် ရှင်းလင်းစဉ်



   ၆၈နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်စတုတ္ထအကြိမ်မြောက်တိုင်းရင်းသားလူမျိုးစုများဈေးရောင်းပွဲတော်ကျင်းပမည့် အစီအစဉ်များစာနယ်ဇင်းရှင်းလင်းပွဲကိုဇန်န၀ါရီ၂၅ရက်မွန်းလွဲ၃နာရီကမန္တလေးမြို့၃၅လမ်း၊၆၆လမ်းနှင့်၆၇လမ်းကြား ရှမ်းအမျိုးသားများအသင်းတိုက်တွင် ကျင်းပသည်။


 အခမ်းအနားတွင်ဈေးရောင်းပွဲတော်ကျင်းပရေး ကော်မတီဥက္ကဌဦးစိုင်းပန်ဆိုင်က ဈေးရောင်းပွဲတော်ကျင်းပရ ခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး အထွေထွေအတွင်းရေးမှူး ဦးနိုင်မောင်မြင့်က ဈေးရောင်းပွဲကျင်းပမည့်အစီစဉ်များကိုရှင်းလင်းပြောကြားကာ တက်ရောက်လာသောသတင်းမီဒီယာများကသိရှိလိုသည်များကို မေးမြန်းကြရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။


 အဆိုပါ ဈေးရောင်းပွဲတော်တွင်တိုင်းရင်းသားလူမျိုးစု(၁၅)ဖွဲ့ဖြစ်သောကချင်၊ကရင်၊ကယန်း၊ကိုးကန့်၊ချင်း၊မွန်၊ ဗမာ၊ရခိုင်၊ရှမ်း၊ရှမ်းနီ၊တအာင်း(ပလောင်)၊တောင်ရိုး၊ပအိုဝ်း၊အင်းသား၊နာဂတိုင်းရင်းသားတို့ပါဝင်မည်ဖြစ်သည်။ ဈေးရောင်းပွဲ တော်ကို ဖေဖော်ဝါရီ ၉ ရက် တွင် ဖွင့်ပွဲအခမ်းအနားကျင်းပပြီှး ၁၁ ရက်ထိ နေ့စဉ် နံနက် ၉ နာ၇ီမှ ၆ နာရီထိ ဈေးဆိုင်ခန်း ၄၅ခန်း တွင်တိုင်းရင်းသားရိုးရာအစားအသောက်များ၊အသုံးအဆောင်များ၊ ဒေသထွက်ကုန်များကိုတစ်နေရာတည်းတွင်လေ့လာဝယ်ယူနိုင်မည်ဖြစ်ပြီး ညနေပိုင်း ၆ နာရီမှ ည ၁၁ နာရီထိ တိုင်းရင်းသား လူမျိုး စုများ၏ ရိုးရာအကပဒေသာများကို တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။ 


ဈေးရောင်းပွဲတော်ကို ၂၀၁၂ခုနှစ်က တိုင်းရင်းသာလူမျိုးစု ၈ဖွဲ့ကစတင်ကျင်းပလာရာ ယခုအကြိမ်တွင် ၁၅ ဖွဲ့ထိရှိလာခဲ့ရာတိုင်းရင်းသားလူမျိုးစုများ၏ ဒေသထွက်ကုန်များ၊ရိုးရာအသုံးအဆောင်များ၊အစားအသောက်များ၊ယာဉ်ကျေးမှုအကပဒေသာများကို တစ်နေရာတည်းတွင် လေ့လာနိုင်မည်ရာနိုင်ငံခြားသားဧည့်သည်များကိုအထူးစိတ်ဝင်စားမည့်ပွဲဖြစ်ပြီးမန္တလေးမြို့တွင်ကျင်းပသည့်အခြားဈေးရောင်းပွဲတော်များထက်အထူးစည်ကားလှသည့် ဈေးရောင်းပွဲတော်ဖြစ်လာမည်။
    ရွှေမန်း

No comments:

Post a Comment