Thursday, January 22, 2015

Digital Journalism သင်တန်း မန္တလေးမြို့ Hotel Victory Point တွင် ပို့ချ



မန္တလေး ဇန်န၀ါရီ ၂၀
မြန်မာသတင်းပညာသိပ္ပွံ (Myanmar Journalism Institute - MJI)မှ
ဖွင့်လှစ်သင်ကြားလျက်ရှိသော အချိန်ပိုင်းဒီပလိုမာသင်တန်း၏ ဇန်န၀ါရီလအတွက်
သင်ခန်းစာဖြစ်သော Digital Journalism သင်တန်း ဇန်န၀ါရီလ ၁၉ ရက်နေ့မှ ၂၄
ရက်နေ့ထိ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၁ လမ်း၊ လမ်း ၃၀ နှင့် ၃၁
လမ်းကြားရှိ Hotel Victory Point တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါသင်တန်းသို့မန္တလေးအခြေစိုက် သတင်းသမားသင်တန်းသူသင်တန်းသား၁၅ဦး တက်ရောက်သင်ကြားလျက်ရှိပြီးဆွီဒင်နိုင်ငံမှMatsWikmanနှင့် အမှုဆောင်ဒါရိုက်တာဦးမြင့်ကျော်၊ မန္တလေးဒေသခံအိုင်တီပညာရှင် ဦးရဲမြတ်သူမှ သင်ကြားလေ့ကျင့်ပေးမည်ဖြစ်သည်။

သင်တန်းတွင် ဒစ်ဂျစ်တယ်ဂျာနယ်လစ်ဇင်ဟာမိုဘိုင်းဖုံး၊ကင်မရာနဲ့အိုင်တီကိုအသုံးပြုပြီးသတင်းပေးပို့
နည်း၊တိုက်ရိုက်ရိုက်ကူးသတင်းထုတ်ပြန်နည်း၊အွန်လိုင်းအတွက်သတင်းရေးသားနည်အစရှိသည့်သင်ခန်းစာများကို စာတွေ့လက်တွေ့ ပေါင်းစပ်သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။
   ရွှေမန်း( မန္တလေးနေ့စဉ်)

No comments:

Post a Comment